Day (01) ရန်ကုန်-နာရီတာ(ကျိုတို ) (ညစာ)

  • ရန်ကုန်မှ ည ၉နာရီ ၄၅မိနစ်တွင် ထွက်ခွာပြီး၊ နောက်တစ်နေ့ နံနက် ၆ နာရီ ၅၀ မိနစ်တွင် ဂျပန်နိုင်ငံ နာရီတာ လေဆိပ်သို့ ရောက်ရှိပါမည်။
  • လေယာဉ်ပေါ်တွင် ညစာ သုံးဆောင်ပြီး၊ အိပ်စက် အနားယူပါမည်။

Day (02) တိုကျို ( နံနက်စာ၊ နေ့လည်စာ၊ ညစာ)

  • တိုကျိုမြို့သို့ နံနက် ၆ နာရီ ၅၀ မိနစ်တွင် ရောက်ရှိပြီးနောက် ဂျပန်တွင် ရှေးအကျဆုံးနှင့် အကြီးဆုံး Asakusa Kannon Temple အား သွားရောက် ဖူးမျှော်ပါမည်။
  • ထို့နောက် ဂျပန် နိုင်ငံတွင် အမြင့်ဆုံး Tokyo Sky Tree သို့ လမ်းလျှောက်ထွက်ပါမည်။ နေ့လည်စာသုံးဆောင်ပြီးနောက် ဂျပန် ဘုရင့်နန်းတော် မုဒ်ဦးပေါက်တွင် အမှတ်တရ ဓါတ်ပုံရိုက်ပါမည်။
  • ထိုမှတစ်ဆင့် Zojo ji Buddhist Temple, Tokyo Tower တို့ကို သွားရောက် လည်ပတ်ပါမည်။
  • ညစာ သုံးဆောင်ပြီးနောက် ဟိုတယ်တွင် အိပ်စက် အနားယူပါမည်။

Day (03) တိုကျို- ကမာကူရ - ဖူဂျီ ( နံနက်စာ၊ နေ့လည်စာ၊ ညစာ)

  • ဟိုတယ်တွင် နံနက်စာ သုံးဆောင်ပြီးနောက်၊
  • ဂျပန်နိုင်ငံ၏ နာမည်ကြီး Kotoku Kamakura Great Buddha ကို ဖူးမြော်နိုင်ရန် ကမာကုရသို့ သွားရောက်ပါမည်။ ကမာကူရ အရပ်တွင် နေ့လည်စာသုံးဆောင်ပြီးနောက် ကမ္ဘာ့ နာမည်ကျော် ဖူဂျီတောင်ရှိရာသို့ လိုက်လံပို့ဆောင် ပေးပါမည်။
  • ဖူဂျီ ဟာကိုနီး အိဇူး သဘာဝဥယျာဉ်ကို သွားရောက် လေ့လာပါမည်။
  • ညစာကို ဟိုတယ်ရှိ စားသောက်ဆိုင်တွင် တည်ခင်းဧည့်ခံမည်ဖြစ်ပြီး၊ ဟိုတယ်အတွင်းရှိ ရေပူစမ်းအတွင်း ရေနွေးစိမ်ရင်း ဖူဂျီတောင်၏ သာမောဖွယ် အလှကို ခံစားတွေ့မြင်နိုင်ပါသည်။

Day (04) ဖူဂျီ - Gotenba ဦးနု ဘုရား - ကျိုတို ( နံနက်စာ၊ နေ့လည်စာ၊ ညစာ)

  • ဟိုတယ်တွင် နံနက်စာ သုံးဆောင်ပြီးနောက်၊
  • Gotenba ဦးနုဘုရားသို့ သွားရောက် လေ့လာကြပါမည်။ နေ့လည်စာကို အသွားလမ်းတွင် သုံးဆောင်ပါမည်
  • ထို့နောက် ဗိုလ်ချုပ်အောင်ဆန်းနှင့် ရဲဘော်သုံးကြိပ် စစ်ပညာ သင်ကြားခဲ့ရာ Hakone Lake သို့ သွားရောက် လည်ပတ်ကြပါမည်။ ထို့နောက် ရေကန် အတွင်း သင်္ဘောစီးရင်း သာယာလှပသော ဖူဂျီတောင်၏ အလှကို ကြည့်ရှု့ခံစားပါမည်။ အနီးတစ်ဝိုက်တွင် နီနီဝါဝါ အရောင်အသွေးစုံလင်လှသော မေပယ်ရွက်တို့ဖြင့် အုံ့အုံ့ဆိုင်းဆိုင်း သစ်ပင်တန်းများကလည်း အလွန် ကြည်နူးဖွယ် ကောင်းလှပါသည်။
  • ဖူဂျီမှ တဆင့် ကျိုတိုမြို့သို့ ကျဉ်ဆံရထားစီး၍ သွားရောက် လည်ပတ်ပါမည်။
  • ရထားစီးချိန် ၂ နာရီ ခွဲခန့် ရှိပါသည်။ ကျိုတိုတွင် ဂျပန် စတိုင် အစားအစာ ဘူဖေး ညစာ ဖြင့် တည်ခင်း ဧည့်ခံပါမည်။
  • ဟိုတယ်တွင် အိပ်စက် အနားယူပါမည်။

Day (05) ကျိုတို ( နံနက်စာ၊ နေ့လည်စာ၊ ညစာ)

  • ဟိုတယ်တွင် နံနက်စာ သုံးဆောင်ပြီးနောက်၊ ကမ္ဘာ့ ရှေးဟောင်း အမွေအနှစ်များ အလွန် ကြွယ်ဝသော ကျိုတို မြို့တွင်းသို့ စတင်လည်ပတ်ပါမည်။ ကျိုတိုမြို့ရှိ အထင်ကရ နေရာများဖြစ်သော ရွှေကျောင်း ( Khinkakuji ) ၊ ရှေးလက်ရာများဖြင့် အလွန် တင့်တယ်သော Kiyomizu Temple နှင့် ဂျပန် မင်းဆက်တို့ စံစား နေထိုင်ခဲ့သော Nijo ရဲတိုက်ကြီးအား သွားရောက် လေ့လာရမည် ဖြစ်ပါသည်။
  • ထို့နောက် Khinkakuji ကျောင်းတော်ရာ အနီးတွင် ဈေးဝယ် ထွက်ပါမည်။
  • ညနေပိုင်းတွင် ဂျပန် ရိုးရာဝတ်စုံများကို ၀တ်ဆင်၍ အမှတ်တရ ဓါတ်ပုံရိုက်ကြမည်ဖြစ်ပြီး၊ မြို့၏ အချက်အချာ GION Street ( Geisha မယ် Maiko San များရှိရာ ) သို့ သွား ရောက်လည်ပတ်ပါမည်။ ညစာသုံးဆောင်ပြီးနောက်
  • ဟိုတယ်တွင် အိပ်စက် အနားယူပါမည်။

Day (06) ကျိုတို - ကိုဘေး - အိုဆာကာ ( နံနက်စာ၊ နေ့လည်စာ၊ ညစာ)

  • ဟိုတယ်တွင် နံနက်စာ သုံးဆောင်ပြီးနောက်၊ ၁၉၉၅ ခုနှစ်တွင် အကြီးဆုံး ငလျှင်ဒဏ် ခံခဲ့ရပြီးနောက် ပြာပုံဘဝမှ ပြန်လည်နိုးထလာနိုင်ခဲ့သော ကိုဘဲ မြို့သို့ ကားဖြင့် သွားရောက်လည်ပတ်ပါမည်။
  • ကိုဘဲ ဥယျာဉ် နှင့် ဆိပ်ကမ်းသို့ သွားရောက် လေ့လာရပါမည်။ ကိုဘဲရိုးရာ အရက်ချက် ပြတိုက်ငယ်လေးကိုလည်း စိတ်ဝင်စားဖွယ် လည်ပတ် ရပေအုံးမည်။ ဂျပန် ဆာကေးထုတ်ယူပုံ အဆင့်ဆင့်ကို တွေ့မြင်နိုင်ပါသည်။
  • ညနေတွင် ကိုဘဲမြို့၏ နာမည်ကြီး နေရာတစ်ခုဖြစ်သော နာမည်ကျော် ဖိနပ် ဒီဇိုင်နာများ၏ လက်ရာ ဖိနပ်ဆိုင်တန်းများသို့ သွားရောက်၍ ဈေးဝယ် ထွက်ပါမည်။
  • ညနေစာ သုံးဆောင်ပြီးနောက် ဟိုတယ်တွင် အိပ်စက် အနားယူပါမည်။

Day (07) အိုဆာကာ - Universal Studio ( နံနက်စာ၊ နေ့လည်စာ၊ ညစာ)

  • ဟိုတယ်တွင် နံနက်စာ သုံးဆောင်ပြီးနောက်၊ Universal Studio သို့ ပို့ဆောင်ပေးပါမည်။ နေ့လည်စာ နှင့် ညစာကို ကူပွန်ဖြင့် သုံးဆောင်ရပါမည်။
  • ညနေတွင် ဧည့်လမ်းညွှန်မှ ပြန်လာခေါ်ပြီးနောက် ရထား ဖြင့် ဟိုတယ်သို့ ပြန်လည် ထွက်ခွာပါမည်။
  • ဟိုတယ်တွင် အိပ်စက် အနားယူပါမည်။

Day (08) အိုဆာကာ ( နံနက်စာ၊ နေ့လည်စာ၊ ညစာ)

  • ဟိုတယ်တွင် နံနက်စာ သုံးဆောင်ပြီးနောက်၊ ဂျပန် နိုင်ငံ၏ အရည်အသွေးကောင်း လျှပ်စစ်ပစ္စည်းများ ရောင်းချရာ ဈေးဆိုင်တန်းများ နှင့် အိုဆာကာ ရဲတိုက် တို့အပြင် ခေတ်မှီ စက်ရုပ်များဖြင့် ထူးခြားဆန်းပြားသော အိုဆာကာ ရှီဆိုင်းဘာရှီ သို့ သွားရောက်လည်ပတ်ပါမည်။
  • ဟိုတယ်တွင် အိပ်စက် အနားယူပါမည်။

Day (09) အိုဆာကာ - နာရီတာ - ရန်ကုန် ( နံနက်စာ၊ နေ့လည်စာ)

  • ဟိုတယ်တွင် နံနက်စာ သုံးဆောင်ပြီးနောက်၊ အိုဆာကာမှတစ်ဆင့် နာရီတာ လေဆိပ်သို့ လေယာဉ် ၁ နာရီ ခန့်စီးပြီး၊ အပြည်ပြည် ဆိုင်ရာ လေဆိပ်သို့ နံနက် ၉နာရီ ၁၅ မိနစ်တွင် ဆိုက်ရောက်ပါမည်။ ထိုမှတစ်ဆင့် ရန်ကုန်သို့ ပြန်လည် ထွက်ခွာပြီး၊
  • ညနေ ၃ နာရီ မိနစ် ၄၀ တွင် ရန်ကုန်သို့ ပြန်လည်ရောက်ရှိမည် ဖြစ်ပါသည်။

***** အံ့ဖွယ်ပျော်ရွင် ဂျပန် ခရီးစဉ် ပြီးဆုံးပါပြီ။ *****

ခရီးစဉ်တွင် ပါဝင်သော ဝန်ဆောင်မှုများ

  1. ပြည်တွင်း ပြည်ပ လေယာဉ်လက်မှတ်ခများ
  2. ကျဉ်ဆံ ရထားလက်မှတ်ခများ
  3. ဗီဇာကြေး
  4. ကြယ်လေးပွင့် အဆင့်ဟိုတယ်တွင် တည်းခို စရိတ်
  5. Air-conditioning မော်တော်ယာဉ်ဖြင့် လည်ပတ်ခြင်း
  6. ခရီးစဉ်တွင် ဖော်ပြထားသည့်အတိုင်း ကျွေးမွေးခြင်း
  7. ခရီးစဉ်တွင် ဖော်ပြထားသော နေရာများ၏ ဝင်ကြေးများ
  8. မြန်မာ ခရီးသွား ခေါင်းဆောင်နှင့် ဂျပန်ဧည့်လမ်းညွှန်
  9. ဧည့်လမ်းညွှန်နှင့် ဒါရိုက်ဘာ တို့အား tips ပေးခြင်း

ခရီးစဉ်တွင် မပါဝင်သော ကိစ္စရပ်များ

  1. ဟိုတယ်မှ အစားအသောက်၊ အ၀တ်လျှော်ခ၊ ဖုန်းပြောခများ
  2. ခရီးစဉ်တွင် မပါရှိသည့် နေရာများကို သွားရောက်လိုပါက မိမိစရိတ်ဖြင့်သာ ကုန်ကျခံ ရပါမည်။
  3. လေဆိပ် ဝန်ပိုခွန်များကို မိမိဘာသာ ကျခံရပါမည်။