Day (01) ရန်ကုန် - ဟိုချီမင် ( နေ့လည်စာ၊ ညစာ)

ဗီယက်နမ် လေကြောင်းလိုင်းဖြင့် ရန်ကုန်မှ နေ့လည် ၂ နာရီ ၂၅တွင် ထွက်ခွာပြီး၊ ဟိုချီမင်း မြို့သို့ ညနေ ၅ နာရီခွဲခန့်တွင် ရောက်ရှိပါမည်။ ညစာကို ဆိုင်ဂွန်မြစ်ကြောင်းတစ်လျှောက်တွင် အပျော်စီး သင်္ဘောစီးရင်း ဖျော်ဖြေရေး တီးဝိုင်းသံကလေးများကြား သာယာ ကြည်နူးဖွယ် တည်ခင်းဧည့်ခံပေးမည် ဖြစ်ပါသည်။ ဟိုတယ်တွင် အိပ်စက် အနားယူပါမည်။

Day (02) ဟိုချီမင် - ကူချီ - ဆီရမ်ရိ ( နံနက်စာ၊ နေ့လည်စာ၊ ညစာ)

ဟိုတယ်တွင် နံနက်စာ သုံးဆောင်ပြီးနောက် ဟိုချီမင်မြို့ Notre Dam ဘုရားရှိခိုးကျောင်း၊ စာတိုက်ကြီး၊ မြို့တော်ခန်းမ စသည့် အထင်ကရ နေရာများသို့ ပို့ဆောင်ပေးပါမည်။ ဗီယက်နမ်လူမျိုးတို့ လွတ်လပ်ရေး အတွက် ကြိုးပမ်း လှုပ်ရှားခဲ့ကြသော ကီလိုမီတာ ၂၀၀ ရှည်လျားသည့် အံ့ဖွယ် ကူချီ ဥမင်သို့ သွားရောက် လေ့လာပါမည်။ နေ့လည်စာသုံးဆောင်ပြီးနောက် ဈေးဝယ်ရန် အလွန်ကောင်းသည် ဘန်သန့် ဈေးသို့ သွားရောက်ပါမည်။ ထို့နောက် ညနေ ပိုင်းတွင် ဆီရမ်ရိ မြို့သို့ လေယာဉ်ဖြင့် သွားရောက်ပါမည်။ ဟိုတယ်တွင် အိပ်စက် အနားယူပါမည်။

Day (03) ဆီရမ်ရိ - အမ်ကော မြိုဟောင်း - အမ်ကောဝပ် ဘုရားကျောင်း ( နံနက်စာ၊ နေ့လည်စာ၊ ညစာ)

ဟိုတယ်တွင် နံနက်စာ သုံးဆောင်ပြီးနောက် ၁၂ရာစုခန့်က ဂျာယာဗာမန် (၇) မင်းဆက်၏ အမ်ကော မြိုဟောင်းကို သွားရောက် လည်ပတ်ပါမည်။ ထို ခမာလူမျိုးများ နေထိုင်ရာ မြို့ဟောင်းတွင် တောင်မြို့ရိုး ဂိတ်ပေါက်၊ ဘေယွန်း ကျောင်းတော်၊ ဆင်ရုပ်တု ကျောင်းတော် ၊ နှစ်ချို့ သစ်ပင်အိုကြီးများ ပေါက်ရောက်လျှက်ရှိသည့် တာဖရွန် ကျောင်းတော် နှင့် ယခင် နန်းတော်ရာ နေရာဟောင်း တို့ကို လေ့လာ ရမည် ဖြစ်ပါသည်။

နေ့လည်စာသုံးဆောင်ပြီးနောက် ကမ္ဘာ့အံ့ဖွယ် (၇)ပါးတွင် တစ်ခု အပါအ၀င် ဖြစ်သော အမ်ကောဝပ် ကျောင်းတော်ကြီးသို့ သွားရောက် လည်ပတ်ပါမည်။ ထိုကျောင်းတော်ကြီးအား သူရပါမင်း (၂) တည်ထားကိုးကွယ်တော်မှု ခဲ့ပြီး၊ ၁၂ ရာစု၏ ရှေး ဗိသုကာ လက်ရာများကို မြင်တွေ့ရပါမည်။ ညနေစာကို ကမ္ဘောဒီးယား ရိုးရာ အကအား ရှု့စားရင်း သုံးဆောင်ရပါမည်။

ညစာသုံးဆောင်ပြီးနောက် ညဈေးတန်း လျှောက်လိုသူများကိုလည်း မြန်မာ ဧည့်လမ်းညွှန်မှ လိုက်လံပို့ဆောင်ပေးပါမည်။ ဟိုတယ်တွင် အိပ်စက် အနားယူပါမည်။

Day (04) ဆီရမ်ရိ - Tonle Sap- ဟနွိုင်း ( နံနက်စာ ၊နေ့လည်စာ၊ ညစာ)

ဟိုတယ်တွင် နံနက်စာ သုံးဆောင်ပြီးနောက် တိုနီဆပ် ရေအိုင်သို့ လှေစီး၍ လှည့်လည်ကြည့်ရှု့ အပန်းဖြေပါမည်။ ထို့နောက် အမ်းကော လက်မှု အနုပညာရွာလေးသို့ သွားရောက်၍ ရိုးရာသစ်သား ပန်းပုများပြုလုပ်ပုံကို သွားရောက်လေ့လာနိုင်ပါသည်။ နေ့လည်စာသုံးဆောင်ပြီးနောက် ဈေးဟောင်း နှင့် ဗဟိုဈေးကြီးရှိရာသို့ သွားရောက် လည်ပတ်ပြီး၊ ဟနွိုင်းမြို့သို့ လေယာဉ်ဖြင့် ထွက်ခွါပါမည်။ လေယာဉ်ပေါ်တွင် ညနေစာကို သုံးဆောင်ပါမည်။ ညစာသုံးဆောင်ပြီးနောက် ဟိုတယ်တွင် အိပ်စက် အနားယူပါမည်။

Day (05) ဟနွိုင်း- ဟာလောင်း - ဟနွိုင်း ( နံနက်စာ ၊ နေ့လည်စာ၊ ညစာ)

ဟိုတယ်တွင် နံနက်စာ သုံးဆောင်ပြီးနောက် ဟာလောင်း ကမ်းရိုးတမ်းတစ်လျှောက် အလှအပများကို ဇိမ်ခံသင်္ဘောစီးရင်း အပန်းဖြေခရီးထွက်ပါမည်။ နေ့လည်စာကို အပျော်စီး သင်္ဘောပေါ်တွင် ပင်လယ်စာဖြင့် တည်ခင်းဧည့်ခံပါမည်။ ထို့နောက် ဟနွိုင်းသို့ ပြန်လည်ရောက်ရှိပြီး ညစာသုံးဆောင်ပါမည်။ ညနေခင်း Old Quarter Hanoi သို့ သွားရောက် ဈေးဝယ်ပါမည်။ ဟိုတယ်တွင် အိပ်စက် အနားယူပါမည်။

Day (06) ဟနွိုင်း- ရန်ကုန် ( နံနက်စာ - နေ့လည်စာ)

ဟိုတယ်တွင် နံနက်စာ သုံးဆောင်ပြီးနောက် ဟနွိုင်းမြို့တွင် အထင်ကရ နေရာများဖြစ်သော ကမ္ဘာလိပ်ကန် နှင့် ဟိုချီမင် ပြတိုက် ရှေ့တွင် အမှတ်တရ ဓါတ်ပုံရိုက်ခြင်း၊ Vincom Mega Mall သို့ ဈေးဝယ်ထွက်ခြင်းများ ပြုလုပ်ပါမည်။ ထို့နောက် လေဆိပ်သို့ ပြန်လည် ထွက်ခွါပြီး ရန်ကုန်သို့ ညနေ ၆ နာရီ ခွဲ ခန့်တွင် ပြန်လည် ရောက်ရှိပါမည်။

***** အံ့ဖွယ်ပျော်ရွင် ကမ္ဘောဒီးယား ဗီယက်နမ် ခရီးစဉ် ပြီးဆုံးပါပြီ *****

c&D;pOfwGif yg0ifaom 0efaqmifrIrsm;

  1. jynfyav,mOfcrsm ;
  2. ADZmaMu;rsm; ESifh pm&Gufpmwrf;aMu;
  3. Mu,foHk ;yGifh[dkw,fü wnf;cdkp&dwf
  4. avat;pufwyf armfawmf,mOf
  5. c&D;pOfü az:jyxm;onfhtwdkif; auR;arG;rnf/
  6. c&D;pOfyg ae&mrsm;\ 0ifaMu;rsm;yg0ifygonf/
  7. {nhfvrf;ñTefESifh'½dkifbmwdkUodkU Tips rsm;ay;jcif;
  8. jrefrmbmomjzifh½Sif;vif;ajymMum;rnfh c&D;pOf tzGJUacgif;aqmif ESifh t*Fvdyf pum ;ajym {nfh vrf ;nTef wdkU yg0ifygonf/

c&D;pOf wGif ryg0ifonfhudpö&yfrsm;

  1. [dkw,frStpm;taomufrsm;?t0wfavQmfcrsm;? zkef;ajymcrsm;udkrdrdukd,f ydkifuscH&rnf/
  2. c&D;pOfwGif ryg½SdonfhtpDtpOfrsm;udk oGm; a&mufygu rdrdudk,fydkifuscH&rnf/
  3. avqdyf tcGefydkrsm; 0efydkcGefrsm;udk udk,fwdkif uscH&ygrnf