Day (01) ရန်ကုန်-ဘန်ကောက် (ညစာ)

  • ရန်ကုန်မှ ညနေ၇ နာရီ ၄၅ မိနစ်တွင် ထွက်ခွာပြီး၊ ပဲရစ်မြို့သို့ နောက်နေ့ မနက်တွင် ရောက်ရှိပါမည်။
  • လေယာဉ်ပေါ်တွင် ညစာ သုံးဆောင်ပြီး၊ အိပ်စက် အနားယူပါမည်။

Day (02) ဘန်ကောက်-ပဲရစ် (နံနက်စာ၊ နေ့လည်စာ၊ ညစာ)

လေယာဉ်ပေါ်တွင် နံနက်စာ သုံးဆောင်ပြီး ပဲရစ်မြို့သို့ နံနက် ၇နာရီ ၂၅ မိနစ်တွင် ရောက်ရှိပါမည်။

  • ပဲရစ်မှ တစ်ဆင့် ဗာဆိုင်း နန်းတော် သို့သွားရောက် လည်ပတ်ပါမည်။
  • ထို့နောက် ပဲရစ်မြို့ရှိ အထင်ကရ နေရာများဖြစ်သော -
  • ပဲရစ်မြို့ ၏ သင်္ကေတ Eiffel Tower
  • Louvre ပိရမစ်ပုံ ဖန်သား
  • Chams Elyseee အထိန်းအမှတ် ဂိတ်ပေါက် စသည်တို့ အား သွားရောက် လည်ပတ်ရမည် ဖြစ်ပါသည်။
  • ဟိုတယ်တွင် အိပ်စက် အနားယူပါမည်။

Day (03) ပဲရစ် - လူဇင်း ( နံနက်စာ၊ နေ့လည်စာ၊ ညစာ)

  • ဟိုတယ်တွင် နံနက်စာ သုံးဆောင်ပြီးနောက်
  • Montmartre ဈေးဝယ် စင်တာများရှိရာ မြို့လယ်ရှိ နေရာများသို့ ပို့ဆောင်ပေးပါမည်။ ထို့နောက် ဆွီဇာလန် နိုင်ငံ လူဇင်းမြို့သို့ ရထားဖြင့် သွားရောက်ပါမည်။
  • ညနေ လူဇင်းမြို့သို့ ရောက်ပြီး ဟိုတယ်တွင် ညနေစာ သုံးဆောင်ပါမည်။
  • ညနေ အားလပ်ချိန်တွင် မြို့တွင်း ဈေးဝယ် စင်တာများအား သွားရောက်လိုပါက မိမိ အစီအစဉ်ဖြင့် သွားရောက် နိုင်ပါသည်။
  • ဟိုတယ်တွင် အိပ်စက် အနားယူပါမည်။

Day (04) လူဇင်း - Mt Titlis - လူဇင်း ( နံနက်စာ၊ နေ့လည်စာ၊ ညစာ)

  • ဟိုတယ်တွင် နံနက်စာ သုံးဆောင်ပြီးနောက်
  • Mt Titlis သို့ သွားရောက် လည်ပတ်ပါမည်။
  • ညနေတွင် လူဇင်းသို့ ပြန်လည်ရောက်ရှိပါမည်။
  • ညနေစာ သုံးဆောင်ပြီးနောက် ဟိုတယ်တွင် အိပ်စက် အနားယူပါမည်။

Day (05) လူဇင်း - ဗင်းနစ် ( နံနက်စာ၊ နေ့လည်စာ၊ ညစာ)

  • ဟိုတယ်တွင် နံနက်စာ သုံးဆောင်ပြီးနောက်
  • ဗင်းနစ်မြို့သို့ ကားဖြင့် သွားရောက် လည်ပတ်ပါမည်။
  • ဗင်းနစ်သို့ ညနေပိုင်းတွင် ရောက်ရှိပြီး
  • ညနေစာ သုံးဆောင်ပြီးနောက် ဟိုတယ်တွင် အိပ်စက် အနားယူပါမည်။

Day (06) ဗင်းနစ် - ပီစာ ( နံနက်စာ၊ နေ့လည်စာ၊ ညစာ)

ဟိုတယ်တွင် နံနက်စာ သုံးဆောင် ပြီးနောက်

  • ကမ္ဘာ့ အလှဆုံးသော အီတလီ နိုင်ငံရှိ ဗင်းနစ်မြို့တော် ခရီးစဉ် စတင်မည် ဖြစ်ပါသည်။
  • St Mark's quarter တွင် နေ့လည်ခင်းလည်ပတ်ပါမည်။
  • ဗင်းနစ်မြို့တွင် St Marco Square ပြည်သူ့ ရင်ပြင်
  • St Marco Church ဘုရားကျောင်း
  • Bridge Rialto တံတား
  • Dodges Palace ဆိပ်ကမ်း နန်းတော် စသည့် ကမ္ဘာ့ အလှဆုံး နေရာများသို့ လှေကလေးစီးရင်း လှည့်လည် အပန်းဖြေရပါမည်။
  • နေ့လည်စာ သုံးဆောင်ပြီးနောက် ပီစာမြို့သို့ ကားဖြင့် သွားရောက်မည် ဖြစ်ပါသည်။
  • ဟိုတယ်တွင် အိပ်စက် အနားယူပါမည်။

Day (07) ပီစာ- ရောမ ( နံနက်စာ၊ နေ့လည်စာ၊ ညစာ)

  • နံနက်စာ သုံးဆောင်ပြီးနောက်
  • ပီစာမြို့ပေါ်ရှိ ပီစာမျှော်စင် အစရှိသည့် အထင်ကရ နေရာများကို သွားရောက် လည်ပတ်ပြီး
  • ညနေတွင် ရောမမြို့သို့ သွားရောက် ပါမည်။
  • ဟိုတယ်တွင် အိပ်စက် အနားယူပါမည်။

Day (08) ရောမ ( နံနက်စာ၊ နေ့လည်စာ၊ ညစာ)

  • ဟိုတယ်တွင် နံနက်စာ သုံးဆောင် ပြီးနောက်
  • ရောမမြို့သို့ သွားရောက် လည်ပတ်ရမည် ဖြစ်ပါသည်။
  • Pope ရဟန်းမင်းကြီးများ ရွေးချယ်တင်မြှောက်ရာ Vatican နှင့်
  • ဆုတောင်းပြည့် ကမ္ဘာ့ အံ့ဖွယ် ရေပန်းကြီးဖြစ်သော St. Peter Basilica တွင် လိုရာဆုကို တောင်းရင်း
  • ရောမ အင်ပါယာကြီး ရှိ ရှေးအဆောက်အအုံများ ဖြစ်သော Altare della Patria, Trevi Fountain, Pantheon, Piazza di Spagna စသည့် အထင်ကရ နေရာများ
  • Spanish Steps လှေကား တို့အပြင်
  • ရောမ သူရဲကောင်း Gladiator များ စီးချင်းထိုးခဲ့ကြသော Colosseum စသော မဖြစ်မနေ သွားရောက် လည်ပတ်သင့်သော နေရာများအား စုံစုံလင်လင် လိုက်လံ ပို့ဆောင် ပေးပါမည်။
  • ဟိုတယ်တွင် အိပ်စက် အနားယူပါမည်။

Day (09) ရောမ-ဗန်ကောက် ( နံနက်စာ၊ နေ့လည်စာ၊ ညစာ)

  • ဟိုတယ်တွင် နံနက်စာ သုံးဆောင်ပြီးနောက်၊ နေ့လည် ၁ နာရီ ၅၅ မိနစ်ခန့်တွင် ရောမမြို့မှ ပြန်လည် ထွက်ခွါပါမည်။
  • လေယာဉ်ပေါ်တွင် ညနေစာကို သုံးဆောင် ရပါမည်။
  • လေယာဉ်ပေါ်တွင် အိပ်စက် အနားယူပါမည်။

Day (10) ဗန်ကောက်-ရန်ကုန် ( နံနက်စာ၊ နေ့လည်စာ)

  • နံနက် ၇ နာရီ ခန့်တွင် သုဝဏ္ဍဘူမိ လေဆိပ်မှ ပြန်လည် ထွက်ခွါပါမည်။
  • ရန်ကုန်သို့ နံနက် ၈ နာရီ ၅၀ ခန့်တွင် ပြန်လည်ရောက်ရှိမည် ဖြစ်ပါသည်။

***** အံ့ဖွယ်ပျော်ရွင် ပြင်သစ်-ဆွီဇာလန်-အီတလီ ခရီးစဉ် ပြီးဆုံးပါပြီ။ *****

ခရီးစဉ်တွင် ပါဝင်သော ဝန်ဆောင်မှုများ

  1. ပြည်ပ လေယာဉ် နှင့် ရထား လက်မှတ်ခများ
  2. ဗီဇာကြေး
  3. ခရီးသွား အာမခံကြေး
  4. ကြယ်လေးပွင့် ဟိုတယ်တွင် တည်းခိုစရိတ်
  5. ခရီးစဉ်တွင် ဖော်ပြထားသည့်အတိုင်း ကျွေးမွေး ဧည့်ခံပါမည်။
  6. ခရီးစဉ်တွင် ဖော်ပြထားသော ဝင်ကြေးများ
  7. ဧည့်လမ်းညွှန် နှင့် ဒါရိုက်ဘာ Tips များ
  8. မြန်မာ ဘာသာဖြင့် ရှင်းလင်းပြောကြားမည့် အဖွဲ့ ခေါင်းဆောင် တို့ ပါဝင်ပါသည်။

ခရီးစဉ်တွင် မပါဝင်သော ကိစ္စရပ်များ

  1. ဟိုတယ်မှ အစားသောက်များ၊ အဝတ် လျှော်ခများ၊ ဖုန်းပြောခများ
  2. စားသောက်ဆိုင်တွင် အပိုမှာယူ သောက်သုံး သော ဖျော်ရည်များ
  3. ခရီးစဉ်တွင် မဖော်ပြထားသော အစီအစဉ်များ သွားရောက်လိုပါက မိမိကိုယ်ပိုင်ကျခံရမည်။
  4. လေဆိပ် ဝန်ပို အခွန်များကို ကိုယ်တိုင် ကျခံရမည်။
  5. ဟိုတယ်မှ မိမိတို၏ အထုပ်သယ်ပေးသော ဝန်ထမ်းများအား Tips ပေးခြင်း