Day 01: ရန်ကုန် - ဘန်ကောက် - သြစတီးလျ (ညစာ)

  • အရှေ့ဥရောပခရီးတွင် အံ့မခန်း ဗိသုကာ လက်ရာများဖြင့် တည်ဆောက်ထားသည့် ထည်ဝါ ခန်းနားသော ရဲတိုက်များ၊ အသွေးအရောင်စုံလင်၍ တည်ငြိမ်ခန့်ညားသော ဘုရားရှိခိုး ကျောင်းများ အလွန်ပေါကြွယ်ဝသော ဥရောပနိုင်ငံများ၏ အလွန်ဆန်းပြား လှပသော လက်မှုပညာများကို မျက်ဝါးထင်ထင် မြင်တွေ့နိုင်မည့် ခရီးစဉ်တစ်ခု ဖြစ်ပါသည်။
  • ရန်ကုန်မှ ည ၇နာရီ ၄၅ မိနစ်တွင် ဘန်ကောက်သို့ ထွက်ခွာပြီး၊ ဘန်ကောက်မှ တစ်ဆင့် ပါရပ်သို့ ည ၁၁နာရီ ၄၅တွင် ထွက်ခွာ၍ သြစတီးလျ နိုင်ငံတွင် Transit ခံပြီး ချက်စ် ပြည်ထောင်စု သမ္မနိုင်ငံသို့ နောက်တစ်နေ့ နံနက် ၇နာရီခွဲတွင် ပါရပ် မြို့သို့ ရောက်ရှိပါမည်။
  • ညစာကို လေယာဉ်ပေါ်တွင် သုံးဆောင်ပြီး၊ လေယာဉ်ပေါ်တွင် အိပ်စက် အနားယူပါမည်။

Day 02: သြစတီးလျ - ပါရပ် ( နံနက်စာ၊ နေ့လည်စာ ၊ ညစာ)

  • လေယာဉ်ပေါ်တွင် နံနက်စာ သုံးဆောင်ပြီးနောက် ပါရပ် လေဆိပ်သို့ ရောက်ရှိပြီး၊ ခရီးစတင် လည်ပတ်ပါမည်။
  • ပါရပ် မြို့၏ အထင်ကရ နေရာများနှင့် တော်ဝင်ရဲတိုက် အတွင်းသို့ ဝင်ရောက်လည်ပတ်ပါမည်။
  • နေ့လည်စာကို စားသောက်ဆိုင်တွင် သုံးဆောင်ရမည်ဖြစ်ပြီး၊ ညနေတွင် ဟိုတယ်၌ ဘူဖေးညစာဖြင့် တည်ခင်း ဧည့်ခံပါမည်။ ဟိုတယ်တွင် အိပ်စက် အနားယူပါမည်။

Day 03: ပရာခ့် - ဘူဒါပတ်စ် ( နံနက်စာ၊ နေ့လည်စာ ၊ ညစာ)

  • ဟိုတယ်တွင် နံနက်စာ သုံးဆောင်ပြီးနောက် ပရာခ့် မြို့ပြင်ရှိ ရဲတိုက်တို့ကို လည်ပတ်ကြပါမည်။
  • Cesky Krumlov ရဲတိုက် နှင့် Castle of Hluboka ရဲတိုက်တို့ကို သွားရောက်လည်ပတ်ရပါမည်။
  • နေ့လည်စာ နှင့် ညစာကို စားသောက်ဆိုင်တွင် သုံးဆောင်ပြီးနောက် ညရထားဖြင့် ဟန်ဂေရီ နိုင်ငံ ဘူဒါပတ်စ် မြို့သို့ သွားရောက်ပါမည်။
  • ရထားပေါ်ရှိ အိပ်စင်တွင် အိပ်စက် အနားယူရပါမည်။ ( ရထားစီးချိန် ၇နာရီခွဲခန့် ရှိပါသည်)

Day 04: ဘူဒါပတ်စ် ( နံနက်စာ၊ နေ့လည်စာ ၊ ညစာ)

  • နံနက် အစောပိုင်းတွင် ဘူဒါပတ်စ်မြို့သို့ ရောက်ရှိပါမည်။
  • နံနက်စာကို စားသောက်ဆိုင်တွင် သုံးဆောင်ရပါမည်။
  • ထို့နောက် ဘူဒါ နှင့် ပတ်စ် တွင် တည်ရှိသော အလွန် လှပသော ဥရောပ ဗိသုကာများ လက်စွမ်းပြထားသည့် Sinagoga အပါအ၀င် ခရစ္စယာန် ဘုရားကျောင်းကြီးများ အတွင်းသို့ ဝင်ရောက်လေ့လာရမည် ဖြစ်ပြီး၊
  • Theatre of Opera ပြဇာတ်ရုံ ၊ ပါလီမန် အဆောက်အအုံ စသည်တို့ကို ( အပြင်မှ ) လိုက်လံကြည့်ရှု့ရပါမည်။
  • နေ့လည်စာကို စားသောက်ဆိုင်တွင် တည်ခင်းဧည့်ခံမည် ဖြစ်ပြီး၊
  • ညနေတွင် ဒါနူဘီမြစ်ကြောင်း တစ်လျှောက်ဝယ် အပျော်စီး သင်္ဘောစီးရင်း တေးဂီတ ဖျော်ဖြေရေးကို နားဆင်ကာ ညစာကို သုံးဆောင်ရမည်ဖြစ်ပါသည်။
  • ဟိုတယ်တွင် အိပ်စက် အနားယူပါမည်။

Day 05: ဘူဒါပတ်စ် - ဘီစီဂါဒ့် - အက်စ်တာဂုမ် - ဘူဒါပတ်စ် (နံနက်စာ၊ နေ့လည်စာ ၊ ညစာ)

  • ဟိုတယ်တွင် နံနက်စာ သုံးဆောင်ပြီးနောက်
  • ဘီစီဂါဒ့် ရဲတိုက်နှင့်
  • အက်စ်တာဂုမ် ရဲတိုက်ကြီးတို့ကို သွားရောက် လေ့လာ ကြည့်ရှု့ရမည် ဖြစ်ပါသည်။
  • နေ့လည်စာနှင့် ညစာတို့ကို စားသောက်ဆိုင်တွင် တည်ခင်းဧည့်ခံပါမည်။
  • ဟိုတယ်တွင် အိပ်စက် အနားယူပါမည်။

Day 06: ဘူဒါပတ်စ် - ၀ါဆော (နံနက်စာ၊ နေ့လည်စာ ၊ ညစာ)

  • ဟိုတယ်တွင် နံနက်စာ သုံးဆောင်ပြီးနောက် ဘူဒါပတ်စ်မြို့မှ ပိုလန်နိုင်ငံ ၀ါဆောမြို့တော်သို့ လေယာဉ်ဖြင့် သွားရောက်ပါမည်။
  • နေ့လည်စာသုံးဆောင်ပြီးနောက်တွင် ၀ါဆောမြို့ပေါ်ရှိ
  • တော်ဝင်ရဲတိုက်နှင့်
  • လာဇန်ကီ ရေကန် နှင့် ဥယျာဉ်တော် အတွင်း တည်ဆောက်ထားသည့် အလွန် သာယာလှပသော ပိုလန် တော်ဝင် နန်းတော်တို့ကို သွားရောက်လည်ပတ်ပါမည်။
  • ထို့နောက် ညနေတွင် အလွန်ဈေးဝယ်ရန်ကောင်းသော ၀ါဆောမြို့လည်ရှိ ဈေးဝယ် စင်တာများကို လိုက်လံ ပို့ဆောင်ပေးပါမည်။
  • ညစာ သုံးဆောင်ပြီးနောက် ဟိုတယ်တွင် အိပ်စက် အနားယူပါမည်။

Day 07: ၀ါဆော - ခရာကိုး (နံနက်စာ၊ နေ့လည်စာ ၊ ညစာ)

  • ဟိုတယ်တွင် နံနက်စာ သုံးဆောင်ပြီးနောက်
  • ခရာကိုးမြို့သို့ ရထားစီး၍ ထွက်ခွာပါမည်။ ( ရထားစီးချိန် ၃ နာရီခန့် ကြာမြင့်ပါသည်)
  • ခရာကိုးသို့ ရောက်ရှိပြီးနောက် ခရာကိုး တော်ဝင်ရဲတိုက်သို့ သွားရောက်လည်ပတ်ကြည့်ရှု့ရပါမည်။
  • နေ့လည်စာကို စားသောက်ဆိုင်တွင် သုံးဆောင်ရမည် ဖြစ်ပြီး၊
  • ခရာကိုးရှိ နာမည်ကြီး ရှေးအနုပညာ ပန်းပုလက်ရာများဖြင့် အလွန်လှပသော ဖွေးဖွေးလှုပ်လှုပ် ဆားမိုင်းတွင်းကြီးအား သွားရောက် လေ့လာရပါမည်။
  • ဟိုတယ်တွင် အိပ်စက် အနားယူပါမည်။

Day 08: ခရာကိုး - သြစတီးလျ - ဘန်ကောက် (နံနက်စာ၊ နေ့လည်စာ၊ ညစာ)

  • ဟိုတယ်တွင် နံနက်စာ သုံးဆောင်ပြီးနောက်
  • ခရာကိုးမှ ဘန်ကောက်သို့ နေ့လည် ၃ နာရီ ၂၀ မိနစ်တွင် လေယာဉ်ဖြင့် ပြန်လည်ထွက်ခွာပါမည်။ ည၁၁နာရီ ၂၀ ခန့်တွင် ဘန်ကောက်သို့ သြစတီးလျတွင်Transit ခံ၍ ဆက်လက် ထွက်ခွာပါမည်။ နေ့လည်စာ နှင့် ညစာကို ကို လေယာဉ်ပေါ်တွင် သုံးဆောင်ရပါမည်။

Day 09: ဘန်ကောက် - ရန်ကုန် (နေ့လည်စာ)

  • လေယာဉ်ပေါ်တွင် နေ့လည်စာ သုံးဆောင်ပြီးနောက် ညနေ ၆နာရီ ၄၅ မိနစ်တွင် ရန်ကုန်သို့ ပြန်လည်ရောက်ရှိပါမည်။

***** အံ့ဖွယ်ပျော်ရွှင် ချက် - ဟန်ဂေရီ - ပိုလန် ခရီးစဉ် ပြီးဆုံးပါပြီ *****

ခရီးစဉ်တွင် ပါဝင်သော ဝန်ဆောင်မှုများ

  1. ပြည်ပ လေယာဉ် နှင့် ရထား လက်မှတ်ခများ
  2. ဗီဇာကြေး
  3. ရထားလက်မှတ်ခများ
  4. ခရီးသွား အာမခံကြေး
  5. ကြယ်လေးပွင့် ဟိုတယ်တွင် တည်းခိုစရိတ်
  6. ခရီးစဉ်တွင် ဖော်ပြထားသည့်အတိုင်း ကျွေးမွေး ဧည့်ခံပါမည်။
  7. ခရီးစဉ်တွင် ဖော်ပြထားသော ဝင်ကြေးများ
  8. ဧည့်လမ်းညွှန် နှင့် ဒါရိုက်ဘာ Tips များ
  9. မြန်မာ ဘာသာဖြင့် ရှင်းလင်းပြောကြားမည့် အဖွဲ့ ခေါင်းဆောင် တို့ ပါဝင်ပါသည်။

ခရီးစဉ်တွင် မပါဝင်သော ကိစ္စရပ်များ

  1. ဟိုတယ်မှ အစားသောက်များ၊ အဝတ် လျှော်ခများ၊ ဖုန်းပြောခများ
  2. စားသောက်ဆိုင်တွင် အပိုမှာယူ သောက်သုံး သော ဖျော်ရည်များ
  3. ခရီးစဉ်တွင် မဖော်ပြထားသော အစီအစဉ်များ သွားရောက်လိုပါက မိမိကိုယ်ပိုင်ကျခံရမည်။
  4. လေဆိပ် ဝန်ပို အခွန်များကို ကိုယ်တိုင် ကျခံရမည်။
  5. ဟိုတယ်မှ မိမိတို၏ အထုပ်သယ်ပေးသော ဝန်ထမ်းများအား Tips ပေးခြင်း