Day (01) ရန်ကုန် - ဂါယာ - ဗုဒ္ဓဂါယာ ၊ သတ္တဌာန (၇) ဌာန၊ ဘုရားပွင့်တော်မှုရာ ဌာန ( နေ့လည်စာ ၊ ညစာ)

ဂါယာ လေဆိပ်သို့ နေ့လည်တွင် ရောက်ရှိပြီး၊ ဗုဒ္ဓဂါယာသို့ ကားဖြင့် ပို့ဆောင်ပေးပါမည်။ ထို့နောက်တွင် မြတ်ဗုဒ္ဓ၏ သဗ္မေညုတ ရွှေဥာဏ်တော် ပွင့်ရာ အောင်မြေ မဟာဗောဓိ ညောင်ပင်တော်ဆီသို့ ဦးစွာ သွားရောက်ဖူးမြှော်ရမည် ဖြစ်ပါသည်။ ထို့နောက် အာသောကမင်းကြီး တည်ထားကိုးကွယ်တော်မှုခဲ့သော မဟာဗောဓိ ဘုန်းတော်ကြီးကျောင်း ကိုလည်းကောင်း၊ မြတ်စွာဘုရား ပွင့်တော်မှုပြီးနောက် ပထမဦးစွာ ရေချိုး သန့်စင်ခြင်း ပြုတော်မှု ခဲ့သည့် နရံဇဏ မြစ် နှင့် ဘုရားပွင့်ချိန်တွင် အဖိုးတစ်သိန်းတန် ရွှေခွက်ဖြင့် ရာဂုဆွမ်း ပြင်ဆင်ချက်ပြုတ်ခဲ့သော သုဇာတာ သတိုးသမီး၏ နေအိမ် ရှိရာနေရာဟောင်းကို လိုက်လံ ပို့ဆောင်ပေးပါမည်။ ထို့အပြင် ဟိန္ဒူလူမျိုးတို့ အထွဋ်အမြတ် ဘုရားပွဲများ နှစ်စဉ် ကျင်းပ ပြုလုပ်ရာ ဥာဏ်တော် ပေ ရှစ်ဆယ် အမြင့်ရှိသော ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား သွားရောက် ဖူးမြှော်ရပါဦးမည်။

နေ့လည်စာနှင့် ညစာတို့ကို မြန်မာလူမျိုးများ အကြိုက် အနံ့အရသာတို့ဖြင့် တည်ခင်းဧည့်ခံပါမည်။ ဟိုတယ်တွင် အိပ်စက် အနားယူပါမည်။

Day (02) ဗုဒ္ဓဂါယာ - ဗာရာဏသီ ၊ မိဂဒါဝုန် ( နံနက်စာ၊ နေ့လည်စာ ၊ ညစာ)

ဟိုတယ်တွင် နံနက်စာ သုံးဆောင်ပြီးနောက် မြတ်စွာဘုရား သမိုင်းတော်များ ထွန်းကား ပြန့်ပွားခဲ့ရာ ဗာရာဏသီမြို့သို့ သွားရောက်လည်ပတ်ပါမည်။

သာသနာ့နယ်မြေ။ ။ မြတ်စွာဘုရားအား ပဉ္စဝကီငါးဦးမှ ခရီးဦးကြိုပြုခဲ့ရာ ခဏ္ဍီစေတီတော်၊ ဓမ္မစင်္ကြာ တရားထူး ဟောကြားခဲ့ရာ နေရာတွင် တည်ထားကိုးကွယ်ထားသော ဓမ္မာရာဇိက စေတီတော်မြတ်ကြီးနှင့် တရားစောင့် ခြင်္သေ့မင်းရုပ်ထုကြီး ၄ ရုပ် ရှိရာ ဌာန၊ မူလဂန္ဓကုတဋိတိုက်၊ ယသာ သတို့သားနှင့် အပေါင်းအပါတို့အား တရားဟောရာ ပလ္လင်တော်၊ နန္ဒိယ သူဌေး၏ ရတနာ အုတ်ကျောင်းတော်ကြီးတို့ အပြင်၊ သာသနာ့ ပြတိုက်တို့အား သွားရောက် လေ့လာရပါမည်။

နေ့လည်စာနှင့် ညစာတို့ကို မြန်မာလူမျိုးများ အကြိုက် အနံ့အရသာတို့ဖြင့် တည်ခင်းဧည့်ခံပါမည်။ ဟိုတယ်တွင် အိပ်စက် အနားယူပါမည်။

Day (03) ဗာရာဏသီ - သာဝတ္တိပြည် ( နံနက်စာ၊ နေ့လည်စာ ၊ ညစာ)

ဟိုတယ်တွင် နံနက်စာ သုံးဆောင်ပြီးနောက် ဂဂါင်္မြစ်ကြောင်းတစ်လျှောက် လှေဖြင့် စုန်ဆင်း၍ နံနက်မိုးသောက် အလှကို ခံစားရပါမည်။ ထို့နောက် သာဝတ္တိမြို့သို့ သွားရောက်ပြီး၊ မြတ်စွာဘုရား၏ ၂၄ ဝါတိုင်တိုင် သီတင်းသုံးခဲ့သော ဇေတဝန်ကျောင်းတော်ကြီး၊ တာဝတိသာသို့ ကြွချီတော်မှုသော သရက်ဖြူကုန်း၊ ဒေဝဒတ်မြေမြိုရာ နေရာ၊ စိဉ္စမာန မြေမျိုရာ နေရာ၊ အနာတပိန် သူဌေးကြီး တည်ထားခဲ့သော စေတီ၊ အာနန္ဒာ ဗောဒိပင် စသည့် ဗုဒ္ဓဝင် နေရာများသို့ သွားရောက် ဖူးမြှော်ကြပါမည်။ နေ့လည်စာနှင့် ညစာတို့ကို မြန်မာလူမျိုးများ အကြိုက် အနံ့အရသာတို့ဖြင့် တည်ခင်းဧည့်ခံပါမည်။ ဟိုတယ်တွင် အိပ်စက် အနားယူပါမည်။

Day (04) သာဝတ္တိပြည် - လုမ္ပိနီ အင်ကြင်းတော၊ ဖွားမြင်ရာ ဌာန( နံနက်စာ၊ နေ့လည်စာ ၊ ညစာ)

ဟိုတယ်တွင် နံနက်စာ သုံးဆောင်ပြီးနောက် လုမ္ပဏီအင်ကြင်းတော ရှိရာ နေရာသို့ သွားရောက်ကြပါမည်။ ကားစီးချိန် ၅ နာရီ ခန့်ရှိပါသည်။ နေ့လည်စာကို လုမ္ပိနီ ဟိုတယ်တွင် ဧည့်ခံကျွေးမွေးမည် ဖြစ်ပါသည်။ လုမ္ပိနီ အင်ကြင်းတောရှိရာ နေရာသို့ သွားရောက် ကြည့်ရှု့ပြီးနောက်တွင်၊ မယ်တော်မာယာအား ရည်စူး ဆောက်လုပ်ခဲ့သော နိဂြောဓါရုံ ဘုန်းတော်ကြီးကျောင်း၊ သားတော်ရာဟုလာ အား သာသနာ့ဘောင်သို့ သွတ်သွင်းခြင်း အထိန်းအမှတ် စေတီတို့ကို သွားရောက်လေ့လာရပါမည်။

ထိုနေရာ၏ နံဘေးတွင် မယ်တော်မာယာ ရေကစားကန် နှင့် အာသောကမင်းကြီး၏ အလှု ကျောက်စာကို တွေ့မြင်ရမှာ ဖြစ်ပါသည်။ ထို့အပြင် ဗီယက်နမ် ၊ တိဘက် နှင့် ဂျပန်လူမျိုးတို့မှ လှုဒါန်းထားသော ဘုရားများကိုလည်း ဖူးမြှော် ရပေဦးမည်။ ညစာတို့ကို မြန်မာလူမျိုးများ အကြိုက် အနံ့အရသာတို့ဖြင့် တည်ခင်းဧည့်ခံပါမည်။

ဟိုတယ်တွင် အိပ်စက် အနားယူပါမည်။

Day (05) လုမ္ပိနီ အင်ကြင်းတော - ကုသိနာရုံ (နံနက်စာ၊ နေ့လည်စာ ၊ ညစာ)

ဟိုတယ်တွင် နံနက်စာ သုံးဆောင်ပြီးနောက် မြတ်စွာဘုရား ပရိနိဗ္ပာန်စံရာ ကုသိနာရုံ ဌာနသို့ သွားရောက် လေ့လာရပါမည်။ မြတ်စွာဘုရား နောက်ဆုံး ရေကြည်တော် သောက်သုံးရာ နေရာ၊ တေဇောဓါတ် လောင်ကျွမ်းရာ အဂါင်္ရ စေတီတော် နှင့် ရေသပ္ပာယ်ရာ ကကုဓမြစ်၊ ရမ္မဗြဟာ မတ်ရပ်ကိုယ်တော် နှင့် မဟာပရိနိဗ္ဗာန ကျောင်းတော်၊ မတ်သခွား ရုပ်ပွားတော် အစရှိသည်တို့ကို သွားရောက် ဖူးမြှော်ရပါမည်။

နေ့လည်စာနှင့် ညစာတို့ကို မြန်မာလူမျိုးများ အကြိုက် အနံ့အရသာတို့ဖြင့် တည်ခင်းဧည့်ခံပါမည်။

ဟိုတယ်တွင် အိပ်စက် အနားယူပါမည်။

Day (06) ကုသိနာရုံ -ဝေသာလီ- နာလန္ဒာ- ရာဇဂြိုလ် (နံနက်စာ၊ နေ့လည်စာ ၊ ညစာ)

ဟိုတယ်တွင် နံနက်စာ သုံးဆောင်ပြီးနောက် ရာဇဂြိုလ်ပြည်သို့ သွားရောက် လည်ပတ်ပါမည်။

လမ်းတွင် ရာမဇာတ်တော် အစပေါ်ထွန်းခဲ့ရာ ဝေသာလီပြည်ကြီးကို ဖြတ်သန်းသွားပါမည်။

ထို့နောက် ရှေးအကျဆုံး နာလန္ဒာ ဗုဒ္ဓတက္ကသိုလ် ရှိခဲ့ရာ နေရာဟောင်းကိုလည်း သွားရောက် ကြည့်ရှုရပါမည်။ နေ့လည်စာနှင့် ညစာတို့ကို မြန်မာလူမျိုးများ အကြိုက် အနံ့အရသာတို့ဖြင့် တည်ခင်းဧည့်ခံပါမည်။ ရာဇဂြိုလ်သို့ ညနေတွင် ရောက်ရှိပြီး၊ ဟိုတယ်တွင် အိပ်စက် အနားယူပါမည်။

Day (07) ရာဇဂြိုလ် - ဗုဒ္ဓဂါယာ (နံနက်စာ၊ နေ့လည်စာ ၊ ညစာ)

ဟိုတယ်တွင် နံနက်စာ သုံးဆောင်ပြီးနောက် ရာဇဂြိုလ်ပြည် ရှိရာ နေရာဟောင်းမှ ရှင်မဟာမောဂ္ဂလန် ဓါတ်တော်ကုန်း၊ ဗိမ္ပိသာရ မင်းကြီး၏ ဘဏ္ဍာတိုက်နှင့် အကျဉ်းထောင်၊ ဝေဠုဝန်ကျောင်းတော်၊ ဆေးဆရာ ဇီဝက၏ သရက် ဥယျာဉ်၊ ဝိရွှသျှန္တီ စေတီတော်၊ မဒ္ဒကုစ္ဆိ ကျောင်း နှင့် ဝေဘာရတောင်ထိပ်ရှိ သတ္တပဏ္ဍိဂူ၊ ရှင်မဟာ ကသဖ၏ ဝိပ္ပလီ လိုဏ်ဂူ နှင့် ကျောက်လှည်းဘီးရာ နေရာ စသည် တို့ကို သွားရောက် ဖူးမြှော်ရပါမည်။

နေ့လည်စာကို ဟိုတယ်တွင် သုံးဆောင်ရမည် ဖြစ်ပြီး၊ ညစာကို စားသောက်ဆိုင်တွင် မြန်မာလူမျိုးများ အကြိုက် အနံ့အရသာတို့ဖြင့် တည်ခင်းဧည့်ခံပါမည်။ ဗုဒ္ဓဂါယာသို့ ပြန်လည်ရောက်ရှိပြီး ဟိုတယ်တွင် အိပ်စက် အနားယူပါမည်။

Day (08) ဗုဒ္ဓဂါယာ - ရန်ကုန် (နံနက်စာ၊ နေ့လည်စာ ၊ ညစာ

ဟိုတယ်တွင် နံနက်စာ သုံးဆောင်ပြီးနောက် မဟာဗောဓိ ညောင်ပင်တော် နှင့် မဟာဗောဓိ ဘုန်းတော်ကြီးကျောင်း ဆီသို့ အာရုံဦးတွင် သွားရောက်ဖူးမြှော်ရမည် ဖြစ်ပါသည်။ ထို့နောက် ရန်ကုန်သို့ လေယာဉ်ဖြင့် ပြန်လည်ထွက်ခွာပါမည်။

***** အံ့ဖွယ်ပျော်ရွှင် ဗုဒ္ဓဂါယာ ဘုရားဖူး ခရီးစဉ် ပြီးဆုံးပါပြီ *****

c&D;pOfwGif yg0ifaom 0efaqmifrIrsm;

  1. jynfyav,mOfcrsm ;
  2. ADZmaMu;rsm; ESifh pm&Gufpmwrf;aMu;
  3. Mu,foHk ;yGifh[dkw,fü wnf;cdkp&dwf
  4. avat;pufwyf armfawmf,mOf
  5. c&D;pOfü az:jyxm;onfhtwdkif; auR;arG;rnf/
  6. c&D;pOfyg ae&mrsm;\ 0ifaMu;rsm;yg0ifygonf/
  7. {nhfvrf;ñTefESifh'½dkifbmwdkUodkU Tips rsm;ay;jcif;
  8. jrefrmbmomjzifh½Sif;vif;ajymMum;rnfh c&D;pOf tzGJUacgif;aqmif ESifh t*Fvdyf pum ;ajym {nfh vrf ;nTef wdkU yg0ifygonf/

c&D;pOf wGif ryg0ifonfhudpö&yfrsm;

  1. [dkw,frStpm;taomufrsm;?t0wfavQmfcrsm;? zkef;ajymcrsm;udkrdrdukd,f ydkifuscH&rnf/
  2. c&D;pOfwGif ryg½SdonfhtpDtpOfrsm;udk oGm; a&mufygu rdrdudk,fydkifuscH&rnf/
  3. avqdyf tcGefydkrsm; 0efydkcGefrsm;udk udk,fwdkif uscH&ygrnf