Day 01 ရန်ကုန်- နယူးယောက် (ညစာ )

  • ရန်ကုန်မှ ည ၁၁နာရီ ၅၀မိနစ်တွင် ထွက်ခွာပြီး လေယာဉ်ပေါ်တွင် အိပ်စက် အနားယူပါမည်။
  • နောက်တစ်နေ့ နံနက်စာကို လေယာဉ်ပေါ်တွင် သုံးဆောင်ပါမည်။

Day 02 နယူးယောက် ( နံနက်စာ၊ နေ့လည်စာ၊ ညစာ)

  • နယူးယောက်သို့ ဆက်လက် ပျံသန်းပြီး၊ နေ့လည် ၁ နာရီခန့်တွင် နယူးယောက်မြို့သို့ ရောက်ရှိပါမည်။ နေ့လည်စာကို လေယာဉ်ပေါ်တွင် သုံးဆောင်ပါမည်။
  • ညစာကို နယူးယောက်မြို့ရှိ တရုတ်စာ စားသောက်ဆိုင်တွင် တည်ခင်းဧည့်ခံကျွေးမွေးပါမည်။
  • ဟိုတယ်တွင် အိပ်စက် အနားယူပါမည်။

Day 03 နယူးယောက် ( နံနက်စာ၊ နေ့လည်စာ၊ ညစာ)

  • ဟိုတယ်တွင် နံနက်စာ သုံးဆောင်ပြီးနောက်၊
  • နယူးယောက်မြို့ရှိ အထင်ကရ နေရာများဖြစ်သော Wall Street နှင့် Freedom Tower တို့အား လိုက်လံ၍ ကြည့်ရှု့လေ့လာပြီးနောက်တွင် Statue of Liberty ရုပ်ထုကြီးအား သင်္ဘောဖြင့် လှည့်ပတ်၍ ကြည့်ရှု့ရပါမည်။
  • နေ့လည်စာနှင့် ညစာကို စားသောက်ဆိုင်တွင် သုံးဆောင်ပြီး၊ ဟိုတယ်တွင် အိပ်စက် အနားယူပါမည်။

Day 04 နယူးယောက် - Niagara Fall ( နံနက်စာ၊ နေ့လည်စာ၊ ညစာ)

ဟိုတယ်တွင် နံနက်စာ သုံးဆောင်ပြီးနောက်၊ Niagara Fall ရေတံခွန်ဆီသို့ bus ဖြင့် သွားရောက် လည်ပတ်ရပါမည်။ Niagara Fall သည် အမေရိကန်ပြည်ထောင်စုနှင့် ကနေဒါနိုင်ငံ နှစ်နိုင်ငံ နယ်နမိတ်ကြားတွင် တည်ရှိသော ကမ္ဘာ့ အကြီးဆုံး ရေတံခွန် တစ်ခု ဖြစ်ပါသည်။ အမေရိကန် ဘက်ခြမ်းတွင်ရှိသော ဟိုတယ်တွင် အိပ်စက် အနားယူပါမည်။

Day 05 Niagara Fall - ဝါရှင်တန် ဒီစီ ( နံနက်စာ၊ နေ့လည်စာ၊ ညစာ)

  • ဟိုတယ်တွင် နံနက်စာ သုံးဆောင်ပြီးနောက်၊ ဝါရှင်တန်မြို့သို့ bus ဖြင့် ထွက်ခွါပါမည်။
  • ကားစီးချိန် ၈နာရီခန့် ကြာမြင့်ပါသည်။ လမ်းတွင် နေ့လည်စာကို သုံးဆောင်ပြီး၊
  • ညနေတွင် ဝါရှင်တန် ဒီစီသို့ ရောက်ရှိပါမည်။
  • ဟိုတယ်တွင် အိပ်စက် အနားယူပါမည်။

Day 06 ဝါရှင်တန် ဒီစီ ( နံနက်စာ၊ နေ့လည်စာ၊ ညစာ)

  • ဟိုတယ်တွင် နံနက်စာ သုံးဆောင်ပြီးနောက်၊ ဝါရှင်တန် ဒီစီမြို့ပေါ်ရှိ အထင်ကရ နေရာများဖြစ်သော အိမ်ဖြူတော်၊ အစိုးရ အဆောက်အအုံများ၊ လွတ်လပ်ရေး ကျောက်တိုင်၊ သမ္မတဟောင်း အေဗရာဟင် လင်ကွန်း နှင့် ဂျက်ဖဆန်တို့၏ အထိန်းအမှတ် အဆောက်အအုံ စသည်တို့ကို လှည့်လည်ကြည့်ရှု့ရမည် ဖြစ်ပါသည်။
  • ထို့နောက် DCA လေဆိပ်သို့ ပို့ဆောင်ပေးပြီး၊ အနောက်ဖက် အမေရိကန်ဒေသသို့ လေယာဉ်စီး၍ ကူးသန်းရမည် ဖြစ်ပါသည်။
  • ဟိုတယ်တွင် အိပ်စက် အနားယူပါမည်။

Day 07 West Canyon (နံနက်စာ၊ နေ့လည်စာ၊ ညစာ)

  • ဟိုတယ်တွင် နံနက်စာ သုံးဆောင်ပြီးနောက်၊ အလွန်လှပသာယာသော ရှု့မငြီးဖွယ် West Canyon ချောက်ကမ်းပါး ဆီသို့ သွားရောက် လည်ပတ်ပါမည်။
  • အိမ်မက်ဆန်ဆန် တောင်ထိပ်ဆီသို့ လှမ်းတက်သွားပြီး၊ ဥယျာဉ်ဆီသို့ အရောက်တွင် နေ့လည်စာ သုံးဆောင်ပါမည်။
  • ထိုမှတဆင့် လေထဲတွင် လမ်းလျှောက်ရသကဲ့သို့ သည်းထိတ်ရင်ဖိုဖွယ်ကောင်းသော Skywalk ခေါ် ချောက်ကမ်းပါး နူတ်ခမ်းစွန်းတွင် တည်ဆောက်ထားသော မှန်တံတားပေါ်သို့ သွားရောက် လည်ပတ်ရပါမည်။
  • ဟိုတယ်တွင် အိပ်စက် အနားယူပါမည်။

Day 08 West Canyon – Las Vegas (နံနက်စာ၊ နေ့လည်စာ၊ညစာ)

  • ဟိုတယ်တွင် နံနက်စာ သုံးဆောင်ပြီးနောက်၊ ကမ္ဘာ့ နာမည်အကြီးဆုံး လောင်းကစားမြို့တော် ဖြစ်သည့် Las Vegas သို့ သွားရောက် လည်ပတ်မည် ဖြစ်ပါသည်။
  • ကစား ခန်းမများ ဆီသို့ လိုက်လံပို့ဆောင်ပေးပြီး၊ မိမိ အစီအစဉ်ဖြင့် ဝင်ရောက် ကစားနိုင်ပါသည်။
  • ညနေတွင် ရောင်စုံ မီးရောင်များကြား အရောင်တလက်လက် တောက်ပနေသော Las Vegas မြို့ကြီးကို လှည့်လည် ကြည့်ရှု့ရင်း ဟိုတယ်သို့ ပြန်လည် အနားယူပါမည်။
  • (Las Vegas တွင် မြို့ပတ် Jeep နှင့် Helicopter စီးလိုပါက တစ်ဦးလျှင် ဒေါ်လာ 150 ပေး၍ စီးနိုင်ပါသည်။)

Day 09 Las Vegas - Fresno (နံနက်စာ၊ နေ့လည်စာ၊ ညစာ)

  • ဟိုတယ်တွင် နံနက်စာ သုံးဆောင်ပြီးနောက်၊ San Francisco သို့ ကားဖြင့် သွားရောက်ပါမည်။
  • လမ်းတွင် Fresno မြို့၌ ညအိပ်ရပ်နားပါမည်။
  • ဟိုတယ်တွင် အိပ်စက် အနားယူပါမည်။

Day 10 Fresno - ဆန်ဖရန် စစ္စကို( နံနက်စာ၊ နေ့လည်စာ၊ ညစာ)

  • ဟိုတယ်တွင် နံနက်စာ သုံးဆောင်ပြီးနောက်၊ ဆန်ဖရန်စစ္စကို မြို့သို့ သွားရောက်ပါမည်။
  • လမ်းတွင် ဈေးဝယ်စင်တာများကို ၀င်ရောက်လည်ပတ်ပါမည်။
  • ဟိုတယ်တွင် အိပ်စက် အနားယူပါမည်။

Day 11 ဆန်ဖရန်စစ္စကို ( နံနက်စာ၊ နေ့လည်စာ၊ ညစာ)

  • ဟိုတယ်တွင် နံနက်စာ သုံးဆောင်ပြီးနောက်၊ ဆန်ဖရန် စစ္စကိုမြို့ပေါ်တွင် လည်ပတ်ပါမည်။
  • ထို့နောက် အလွန်သာမောဖွယ်ကောင်းသော Twin Peak ခေါ် တောင်ထိပ်နှစ်ခုဆီမှ မြို့၏ အလှအပကို အထက်စီးမှ ရှု့စားကြည့်ရှု့ရမည် ဖြစ်ပါသည်။
  • ထို့နောက် ကမ္ဘာ့ သတ်သေမှု့အများဆုံး Suicide Bridge ဟု နာမည်ကြီးသော Golden Gate တံတားဆီသို့ သွားရောက် ကြည့်ရှု့ရင်း၊ လူထောင်ပေါင်းများစွာ၏ ဝိဥာဉ်များကို လှည့်စားခြွေယူနိုင်ခဲ့သော အလွန်မာယာများသည့် တံတား၏ အလှအပကို မျက်ဝါးထင်ထင် မြင်တွေ့ရမည် ဖြစ်ပါသည်။
  • ညနေတွင် Fina Art Museum နှင့် Fisherman Wharf ဆိပ်ကမ်းဆီသို့ သွားရောက်လည်ပတ်ပါမည်။
  • ဟိုတယ်တွင် အိပ်စက် အနားယူပါမည်။

Day 12 San Francisco - Los Angeles ( နံနက်စာ၊ နေ့လည်စာ၊ ညစာ)

  • ဟိုတယ်တွင် နံနက်စာ သုံးဆောင်ပြီးနောက်၊
  • ကမ္ဘာကျော် ကစားကွင်းများဖြင့် နာမည်ကြီးသော Los Angeles ခေါ် အပန်းဖြေ မြို့တော်သို့ သေမင်းတမန် တောင်ကြားကို ဖြတ်၍ သွားရောက်ရပါမည်။
  • ဟိုတယ်တွင် အိပ်စက် အနားယူပါမည်။

Day 13 Los Angeles ( နံနက်စာ၊ နေ့လည်စာ၊ ညစာ)

  • ဟိုတယ်တွင် နံနက်စာ သုံးဆောင်ပြီးနောက်၊
  • ဂန္ဓာဝင် ကာတွန်းဇာတ်ကောင်လေးများရှိရာ Disney Land ကစားကွင်းသို့ သွားရောက် အပန်းဖြေရပါမည်။
  • နေ့လည်စာနှင့် ညစာကို ကူပွန် စနစ်ဖြင့် သုံးဆောင်ရပါမည်။
  • ဟိုတယ်တွင် အိပ်စက် အနားယူပါမည်။

Day 14 Los Angeles ( နံနက်စာ၊ နေ့လည်စာ၊ ညစာ)

  • ဟိုတယ်တွင် နံနက်စာ သုံးဆောင်ပြီးနောက်၊
  • ကမ္ဘာကျော် မင်းသားမင်းသမီးများ နေထိုင်ရာ Beverly Hills နှင့် Hollywood တို့ကို သွားရောက် လည်ပတ်ပါမည်။
  • ကမ္ဘာတလွှားတွင် ကစားကွင်း အခွဲပေါင်း ရာကျော် ဖွင့်လှစ်ထားသော Universal Studio ၏ ပင်ရင်း ကစားကွင်းသို့ သွားရောက် အပန်းဖြေရပါမည်။
  • ဟိုတယ်တွင် အိပ်စက် အနားယူပါမည်။

Day 15 Los Angeles - ရန်ကုန် ( နံနက်စာ၊ နေ့လည်စာ၊ ညစာ)

  • ဟိုတယ်တွင် နံနက်စာ သုံးဆောင်ပြီးနောက်၊ လေဆိပ်သို့ ပြန်လည် ထွက်ခွါပါမည်။
  • နေ့လည်စာနှင့် ညစာကို လေယာဉ်ပေါ်တွင် သုံးဆောင်ပါမည်။
  • လေယာဉ်ပေါ်တွင် အိပ်စက် အနားယူပါမည်။

Day 16 Los Angeles - ရန်ကုန် (နံနက်စာ)

  • လေယာဉ်ပေါ်တွင် နံနက်စာ သုံးဆောင် ပြီးနောက် ရန်ကုန်သို့ ပြန်လည်ရောက်ရှိပါမည်။

***** အံ့ဖွယ်ပျော်ရွင် အမေရိက ခရီးစဉ် ပြီးဆုံးပါပြီ။ *****

ခရီးစဉ်တွင် ပါဝင်သော ဝန်ဆောင်မှုများ

  1. ပြည်ပ လေယာဉ် နှင့် ရထား လက်မှတ်ခများ
  2. ဗီဇာကြေး
  3. ခရီးသွား အာမခံကြေး
  4. ကြယ်လေးပွင့် ဟိုတယ်တွင် တည်းခိုစရိတ်
  5. ခရီးစဉ်တွင် ဖော်ပြထားသည့်အတိုင်း ကျွေးမွေး ဧည့်ခံပါမည်။
  6. ခရီးစဉ်တွင် ဖော်ပြထားသော ဝင်ကြေးများ
  7. ဧည့်လမ်းညွှန် နှင့် ဒါရိုက်ဘာ Tips များ
  8. မြန်မာ ဘာသာဖြင့် ရှင်းလင်းပြောကြားမည့် အဖွဲ့ ခေါင်းဆောင် တို့ ပါဝင်ပါသည်။

ခရီးစဉ်တွင် မပါဝင်သော ကိစ္စရပ်များ

  1. ဟိုတယ်မှ အစားသောက်များ၊ အဝတ် လျှော်ခများ၊ ဖုန်းပြောခများ
  2. စားသောက်ဆိုင်တွင် အပိုမှာယူ သောက်သုံး သော ဖျော်ရည်များ
  3. ခရီးစဉ်တွင် မဖော်ပြထားသော အစီအစဉ်များ သွားရောက်လိုပါက မိမိကိုယ်ပိုင်ကျခံရမည်။
  4. လေဆိပ် ဝန်ပို အခွန်များကို ကိုယ်တိုင် ကျခံရမည်။
  5. ဟိုတယ်မှ မိမိတို၏ အထုပ်သယ်ပေးသော ဝန်ထမ်းများအား Tips ပေးခြင်း